How to Strengthen Parent-Child Relationships?
inhouse logo
E-Catalogue

How to Strengthen Parent-Child Relationships?

Admin November 19, 2020

မိသားစုအတွင်း မိဘနဲ့ ကလေး အကြားခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ရန် အတွက် Work နဲ့ Effort နှစ်မျိုးလုံးလိုအပ်ပါတယ်။

တကယ်တော့ မိဘ ဖြစ်ခြင်းက တကယ့်ကိုခက်ခဲတဲ့အလုပ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးရှိမယ်, ပွင့်ပွင့်လင်းလင်းနဲ့ မိဘနဲ့ ကလေးအကြား ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ထား ပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးယူနိုင်ပါတယ်။

Tell your children that you love them
သင့်ရဲ့ ကလေးငယ်များကို သူတို့ အသက်ဘယ်လောက်ပဲကြီးကြီး သူတို့ကို သင်ချစ်တယ်ဆိုတာ နေ့စဉ်ပြောပြပေးပါ။ ကလေးငယ်များနဲ့ စကားများပြီး သို့မဟုတ် သူတို့က သင်မကြိုက်တာ တစ်ခုခုကို ပြုခဲ့သည့်တိုင်အောင် သင်က သူတို့ကို အတိုင်းအဆမရှိချစ်နေဆဲဆိုတာ သူတို့ သိပါစေ။

Article

Play with your children

သင့်ကလေးငယ်နဲ့ အတူဆော့ကစားပေးခြင်းက လည်း အဓိကအချက်တစ်ခုအနေနဲ့ပါဝင်ပါတယ်။ Doll, Ball, Board game, Sing စသည်ဖြင့် ကစားပေးပါ။ သင်ဘာနဲ့ ကစားသည်က အရေးကြီးတာ မဟုတ်ပဲ သင့်ကလေးကို သင့်ရဲ့ attention အပြည့်အဝပေးထားခြင်းဖြင့် သင်တို့ ရဲ့ အကြားဆက်ဆံရေးက ပိုမိုနွေးထွေးလာနိုင်ပါတယ်။

Let Your Children Help you
မိဘများအနေနဲ့ သားသမီးများကို တစ်ခါတစ်ရံမှာ အိမ်မှုကိစ္စများကို မကူညီစေပဲ ထားခြင်းက ကလေးငယ်နဲ့ မိဘအကြား ရင်းနှီးမှုရှိခြင်းကို လက်လွှတ်လိုက်ရခြင်းပဲဖြစ်ပါတယ်။ သင့်ရဲ့ ကလေးငယ်က သင့်ကို ကူညီစေခြင်းဖြင့် သူ့ကိုယ်သူ ယုံကြည်မှုလဲရှိစေပါတယ်။ တစ်ခါတစ်ရံ သင့်ရဲ့ အဝတ်အစား သို့မဟုတ် ဖိနပ်ကို ကလေးငယ်အား သင့်အတွက် ရွေးခိုင်းတာကလည်း သင်က သင့်ကလေးရဲ့ အမြင်ကို တန်ဖိုးထားတယ်ဆိုတာ သိစေနိုင်ပါတယ်။

Article

Make them a Priority in Your Life

သင့်ရဲ့ Life မှာ ကလေးငယ်များက ဦးစားပေးဖြစ်ကြောင်း သင်ယုံကြည်တယ်ဆိုတာ ကလေးများကို သိစေပါ။ ကလေးငယ်များက စိတ်ဖိစီးမှုများပြီး သင်က ကလေးငယ်များကို Attention မပေးဘူးလို့ သူတို့အနေနဲ့ ခံစားရနိုင်ပါတယ်။ တစ်ခါတရံ မိဘများအနေနဲ့ တစ်ခြားအသေးအမွှားအရာများအတွက် စိတ်မရှုပ်ပဲ ကလေးငယ်များကို စိတ်ဝင်စားမှုအပြည့်အဝပေးသင့်ပါတယ်။ ကလေးငယ်များသည် ကြီးထွားမှုမြန်ကြပါတယ်။ အဲ့ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်ကို သင့်ကလေးငယ်များနဲ့ အတူ ကုန်ဆုံးသင့်ပါတယ်။

Article

Share this page