How can we arrange the Gap between parent and Teenager?
inhouse logo
E-Catalogue

How can we arrange the Gap between parent and Teenager?

Admin November 21, 2020

မိဘနဲ့ သားသမီးအကြား ဆက်ဆံရေးက (အထူးသဖြင့် ဆယ်ကျော်သက်များနဲ့) ပြေလည်ဖို့ အဆင်မပြေနိုင်ဘူးဟု ယေဘုယျ ယူဆကြပေမယ့် လက်တွေ့မှာ နှစ်ဦးနှစ်ဖက် နားလည်မှု အပြန်အလှန်ပေးပြီး Respect အပြန်အလှန်ထားကြရင် အဆင်ပြေမှာပဲဖြစ်ပါတယ်။ 

Article

နောက်တစ်ခုက မိဘများ အနေနဲ့ ဆယ်ကျော်သက်ကလေးငယ်များရဲ့ ကျောင်းကိစ္စ, သူငယ်ချင်းကိစ္စများတွင် စိတ်ဝင်စားမှု , အမြင်များပေးခြင်းဖြင့်လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်နိုင်ပါတယ်။ 


သို့သော် သူတို့ရဲ့ သူငယ်ချင်းများအပေါ်အဆိုးမြင်တာတွေ, ကိုတော့ တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ 

ဒါက သူတို့နဲ့ သင့်ရဲ့ အကြား ဆက်ဆံရေးကိုထိခိုက်စေနိုင်ပါတယ်။ သူတို့လေးတွေရဲ့ ကိုယ်ပိုင်နေရာပေးတာ, ကိုယ်ပိုင်ဆုံးဖြတ်ချက်ချစေတာ, သူတို့ရဲ့ ရွေးချယ်မှုကို အလေးထားပေးတာက လည်း အရေးကြီးပါတယ်။

Article

 သတိထားရမယ့်တစ်ခုက ဆယ်ကျော်သက် ကလေးငယ်များရဲ့ Privacy ကိုလေးစားသင့်ပါတယ်။ 


၎င်းတို့ရဲ့ ဖုန်းကိုစစ်တာ, email ဖွင့်ဖတ်တာ, အခန်းကို ဝင်ရှာတာတွေကို မလုပ်သင့်ပါဘူး။ 

သို့သော် သူတို့ ဘာလုပ်တယ်, ဘယ်သွားတယ်, ဘယ်သူနဲ့တွေ့တယ်ဆိုတာကိုတော့ မျက်ခြေမပျက်စောင့်ကြည့် သင့်ပါတယ်။ 

သို့မှသာ သင့်အနေနဲ့ လိုအပ်သလိုထိန်းကျောင်းပေးလို့ရမှာပဲဖြစ်ပါတယ်။ 

Article

မိဘများအနေနဲ့ ချိန်းခြောက်ပြီးခိုင်းတာ, ဖိအားပေးတာမျိုးမလုပ်သင့်ပါ။ 


ဆယ်ကျော်သက်များရဲ့ ခံစားချက်ကို နားထောင်ပေးပါ၊ သူတို့ရဲ့ ပြဿနာတိုင်းကို သင်ကိုယ်တိုင်ပါဝင် ဆွေးနွေးပေးပါ၊ သူတို့ကို ရဲ့ အယူအဆနဲ့ အတွေးအခေါ်ကို လွတ်လပ်ခွင့်ပေးပါ။ 

မိဘနဲ့ သားသမီးအကြား အချေအတင်ပြောရမယ့် အချိန်ကို သေချာရွေးချယ်ပါ။ 

သင့်ရဲ့ ဆုံးဖြတ်ချက်များသည် သူတို့ကောင်းဖို့သာ ရည်ရွယ်ကြောင်းကိုလဲ သားသမီးများသိအောင် ပြောပြပါ။ 

သို့မှသာ မိဘနဲ့ ဆယ်ကျော်သက်သားသမီးများအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာမှာပဲဖြစ်ပါတယ်။

Article

Share this page