High Gloss Cabinet တွေဟာ Contemporary Lover တွေအတွက်တော့ အကြိုက်တွေ့တဲ့ Design တစ်ခုဖြစ်ပါတယ်။ High Gloss ရဲ့ အားသာချက် အားနည်းချက်လေးတွေကို ရှာဖွေကြည့်လိုက်ရအောင်။
1. What is a High Gloss Cabinet?
High Gloss Cabinet တွေဟာ 1970 ခုနှစ်တွေကတည်းက ခေတ်စားပြီး ယနေ့အချိန်ထိ လူကြိုက်များလှပါတယ်။ High Gloss Finishing ဟာ Contemporary Design Kitchen တွေရဲ့ Flat Door လိုင်းမပါတဲ့ ပြင်ချော တံခါးတွေမှာ လိုက်ဖက်လှပါတယ်။
High Gloss တံခါးတွေဟာ တောက်ပြောင်ပြီးတော့ အလင်းပြန်ပါတယ်။ ဒီအချက်ကပဲ High Gloss ကို လူကြိုက်များစေပါတယ်။ အထူးသဖြင့် အဖြူရောင် High Gloss Kitchen တွေဟာ လူကြိုက်များလှပါတယ်။
2. High Gloss Kitchen Pros (အားသာချက်များ)
High Gloss မျက်နှာပြင်တွေဟာ အလင်းပြန်စေတာကြောင့် အခန်းကို အမှန်ရှိသည်ထက် ပိုကျယ်တယ်လို့ခံစားရပါတယ်။ ဒါကြောင့် နေရာကျဉ်းတဲ့ Small Kitchen တွေအတွက် ပြည့်စုံတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ အလင်းပြန်တဲ့ အချက်ကြောင့်ပဲ Dark Color တွေဖြစ်တဲ့ အမှိန်အရောင်တွေကို ရွေးချယ်အသုံးပြုရင်တောင် အခန်းရဲ့ အလင်းရောင်နည်းသွားမှာ အလင်းစုတ်သွားမှာ မစိုးရိမ်ရပါဘူး။
နောက်ထပ်အားသာချက်တစ်ခုက ချောမွတ်တဲ့ မျက်နှာပြင်ဟာ သန့်ရှင့်ရလွယ်ကူလှပါတယ်။ Kitchen မျက်နှာပြင်တွေက်ု သန့်ရှင်းရေးပြုလုပ်တော့မယ်ဆိုရင် အစင်းရာမထင်တဲ့ အဝတ်မျိုးဖြစ်တဲ့ Microfibre Cloth တွေကို အသုံးပြုတာဟာ ဖုန်မှုန့်တွေကို တင်ကျန်မနေစေခဲ့ပါဘူးရှင်။
3. High Gloss Kitchen Cons (အားနည်းချက်များ)
High Gloss မျက်နှာပြင်ဟာ တောက်ပြောင်ပြီးတော့ အလင်းပြန်တာကြောင့် လက်ဗွေရာများ၊ ဖုန်များ၊ ထိခိုက်ထားသည့် အစင်ရာများ စသည်များကို ပိုပြီး မြင်သာ သတိထားမိစေပါတယ်။ ဒါပေမယ့် သန့်ရှင်းရလွယ်ကူတာကြောင့် ဒီအချက်ဟာ အရမ်းစိုးရိမ်စရာ အချက်တော့ မဟုတ်ပါဘူးရှင်။
Dark Color High Gloss ကို ရွေးချယ်မယ်ဆိုရင်တော့ ဖုန်မှုန့်၊ လက်ဗွေ စသည့် ညစ်ပေမီုများကို Light Color များထက် ပိုမို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် Dark Color ရွေးချယ်မယ်ဆိုရင်တော့ ပုံမှန်ထက် ပိုပြီးသန့်ရှင်းရေး လုပ်ပေးဖို့တော့ လိုပါမယ်ရှင်။
4. Tips for High Gloss Cabinets
လူရဲ့ Eye Level မှာရှိတဲ့ Upper Cabinet တွေဟာ ပိုမို အလင်းပြန်တာ သိသာစေပါတယ်။ Cabinet တွေအတွက် High Gloss မျက်နှာပြင်ကိုမှ အသုံးပြုချင်တယ်။ လက်ရာ ဖုန်ရာတွေ ထင်နေမှာကိုလည်း စိုးရိမ်တယ်ဆိုရင်တော့ Upper Cabinet ကို High Gloss ရွေးချယ်ပြီး Lower Cabinet အတွက် Matt ဒါမှမဟုတ် Semi-Gloss မျက်နှာပြင်ကို ရွေးချယ်တာမျိုးလဲ လုပ်နိုင်ပါတယ်။
Kitchen Cabinet Door တွေနဲ့ ပက်သက်လို့ INHOUSE Furniture Showroom အားလုံးမှာ လာရောက်လေ့လာ မေးမြန်းနိုင်ပါတယ်ရှင်။