Matt Kitchen Cabinet တွေနဲ့ Worktop တွေဟာ Contemporary မော်ဒန် နဲ့ Traditional မှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ High Gloss Cabinet တွေလိုပဲ Matt Kitchen Cabinet တွေမှာလည်း အားသာချက် အားနည်းချက်လေးတွေရှိပါတယ်။ ဒီ အချက်လေးတွေကို သိထားရင် ရွေးချယ်ဆုံးဖြတ်ရလွယ်ကူစေမှာပါရှင်။
Matt Kitchen Cabinets Pros & Cons
July 28, 2021

1. Matt Kitchen Pros (အားသာချက်များ )
Matt kitchen Cabinet တွေဟာ ရွေးချယ်စရာ အရောင် များပြားပြီး Contemporary Living အတွက် ပြည့်စုံလှပါတယ်။ နေရာနဲ့ လိုက်ဖက်တဲ့ အရောင် Design လည်း ရွေးချယ်ရလွယ်ကူပါတယ်။
Matt Kitchen ရဲ့ ကြီးမားတဲ့ အားသာချက်ကတော့ High Gloss ရဲ့ အားနည်းချက်ဖြစ်တဲ့ လက်ဗွေရာထင်ခြင်း၊ ဖုန်တင်ခြင်း၊ အစင်းခြစ်ရာ ၊ သေးငယ်တဲ့ ထိခိုက်မှုများကို အလွယ်တကူ မဖြစ်ပေါ်စေပါဘူး။ Matt Finish တွေဟာ အလင်းရောင်မပြန်ပဲ အလင်းကိုစုတ်ယူနိုင်ပါတယ်။
ဒါ့အပြင် High Gloss မျက်နှာပြင်တွေထက် သန့်ရှင်းရတဲ့ အကြိမ်ရေ သက်သာလှပါတယ်။ ရံဖန်ရံခါသန့်ရှင်းရင် အဆင်ပြေလှပါတယ်။
Matt Finish တွေဟာ ကြီးမားတဲ့ Kitchen တွေ ဒါမှမဟုတ် Open Floor Design တွေအတွက် အထူးသင့်တော်ပြီးတော့ ပိုပြီးတော့ တန်ဖိုးမြင့်စေတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။

2. Matt Kitchen Cons (အားနည်းချက်များ)
လက်ဗွေရာ၊ ဖုန်မှုန့် အစွန်းအထင်းများ အလွယ်တကူ မတွေ့မြင်ရပေမယ့် သန့်ရှင်းရေးပြုလုပ်ချိန်မှာ High Gloss မျက်နှာပြင်တွေလောက် သန့်ရှင့်ရမလွယ်ကူပါဘူး။ Matt Finish မျက်နှာပြင်တွေဟာ အစွန်းအထင်းများကို စုတ်ယူနိုင်တာကြောင့် အစွန်းအထင်းများကို ကြာကြာထားရှိပါက သန့်ရှင်းရခက်ခဲ့ပါတယ်။
သင့် Kitchen နေရာဟာ နေရာကျဉ်းတယ်၊ အလင်းရောင်နည်းတယ် ဒါမှမဟုတ် အလင်းသိပ်မဝင်တဲ့နေရာဖြစ်နေတယ်ဆိုရင်တော့ Matt Finish ကို ရွေးချယ်ဖို့ အတော်လေးစဉ်းစားရမှာပါ။ Matt Finish ဟာ အလင်းမပြန်စေပဲ အလင်း စုတ်ယူတာကြောင့် နေရာဟာ ကျဉ်တဲ့ ခံစားချက်မျိုး ဖြစ်စေတတ်ပါတယ်။

3. Making the Decision
Kitchen ရဲ့ ပုံပန်းသွင်ပြင်တင် မဟုတ်ပဲ Kitchen ကို လက်တွေ အသုံးပြုချင်တဲ့ပုံစံ အသုံးပြုသူနဲ့ လိုက်ဖက်ဖို့အတွက် ပြုလုပ်သင့်ပါတယ်။
Matt Kitchen တွေဟာ Popular ဖြစ်ပေမယ့် အိမ်တိုင်းအတွက်တော့ အဆင်မပြေလှပါဘူး။
ဒါကြောင့်မလို့ လက်တွေကျပြီး သင့်ရဲ့ Lifestyle နဲ့ ကိုက်ညီတဲ့ Kitchen လေးဖြစ်ဖို့အတွက် INHOUSE မှာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။