သင်အသုံးပြုချင်တဲ့ ပုံစံနဲ့ကိုက်ညီဖို့အတွက် သင်နဲ့ လိုက်ဖက်တဲ့ Kitchen တစ်ခုဖြစ်စေဖို့ အတွက် Kitchen Layout ရွေးချယ်ရတာဟာ အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီ Blog လေးမှာ Kitchen Layout ပုံစံ 5 ခုရဲ့ အားသာချက် အားနည်းချက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်တဲ့အတွက် ဒီ Blog လေးကို ဖတ်ပြီးရင် ဘယ်လို ပုံစံ Kitchen က သင်နဲ့ လိုက်ဖက်သလဲဆိုတာ ရွေးချယ်ရ လွယ်သွားစေမှာပါ။
Kitchen Work Triangle
Kitchen Layout အကြောင်းမပြောခင်မှာ အရေးကြီးတဲ့ Concept လေးဖြစ်တဲ့ Work Triangle အကြောင်းကို သိထားဖို့လိုပါတယ်။ Work Triangle ဟာ Kitchen မှာ အဓိက လုပ်ဆောင်တဲ့ Storage, Washing and Cooking စတဲ့ Point 3 ခုဖြစ်ပါတယ်။ Storage သိမ်းဆည်းတဲ့ နေရာ ဟင်းချက်ရာမှာ လိုအပ်တဲ့ အရာတွေ ထုတ်ယူရတဲ့နေရာဖြစ်ပါတယ်။ Washing or Preparing Area ပြင်ဆင် ဆေးကြောတဲ့နေရာ နဲ့ Cooking Area တို့ဖြစ်ပါတယ်။ ဒီနေရာ သုံးခုဟာ တစ်ခုနဲ့တစ်ခုကြား အတားအဆီးမရှိပဲ ဟန်ချက်ညီအဆင်ပြေနေဖို့ အရေးကြီးပါတယ်။ Kitchen Layout မရွေးချယ်ခင်မှာ သင့်အိမ်ရဲ့ Actual Space မှာ Kitchen Triangle Concept လေးနဲ့ အရင် စိတ်ကူးထားသင့်ပါတယ်။
1. I-shaped Kitchen
Single wall kitchen လို့လဲခေါ်ပါတယ်။ နံရံ တစ်ခုတည်းမှာ I ပုံစံပြုလုပ်ထားတဲ့ ရိုးရှင်ပြီး Compact ဖြစ်တဲ့ Layout ဖြစ်ပါတယ်။ ဒီ Layout မှာတော့ Work Triangle မရှိပါဘူး။ ချက်ပြုတ်ပြင်ဆင်ရတဲ့ ပုံစံဟာ တစ်တန်းတည်း ဖြစ်နေမှာပါ။
Pros (အားသာချက်များ)
နေရာစားသက်သာပြီး နေရာကျဉ်းတဲ့ တိုက်ခန်း အိမ် စတဲ့နေရာတွေအတွက် သင့်တော်ပါတယ်။ Compact ဖြစ်တဲ့ Design နဲ့ Daily Use အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။
Cons (အားနည်းချက်များ)
နေရာစားသက်သာတာဟာ ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့ အချက်လဲ ရှိပါတယ်။ အဓိကအားဖြင့် လုံလောက်တဲ့ Space နဲ့ Storage နေရာကို မရရှိနိုင်ပါဘူး။ Storage ပိုလိုအပ်တဲ့အခါ High Cabinet အရှည်တွေကို ထည့်သွင်အသုံးပြုလေ့ရှိပါတယ်။ ချိတ်ဆွဲစရာ နေရာတွေ ဖန်တီးတတ်ကြပါတယ်။ Storage ပြဿနာအတွက် ဖြေရှင်ဖို့ ချိတ်ဆွဲစရာ ပိုင်းခြားစရာ စတဲ့ Accessories တွေကို အသုံးပြုရတတ်ပါတယ်။
2. L-shaped Kitchen
L-shaped Kitchen တွေဟာ လူကြိုက်အများဆုံး Layout ပုံစံဖြစ်ပါတယ်။ နံရံနှစ်ခုဆုံတဲ့ နေရာမှာ ပြုလုပ်ကြပြီး ထောင့်မှန်ကျနေပါတယ်။ ဘယ်လို အကျယ်အဝန်းအတွက်မဆို ဟန်ချက်ညီတဲ့ Work Triangle အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။
Pros (အားသာချက်များ)
L-shaped Corner ထောင့်ကို အသုံးပြုထားတဲ့အတွက် Storage နဲ့ Kitchen Counter ကို နေရာပိုရစေပါတယ်။ Open Plan ဖြစ်တဲ့အတွက် ချက်ပြုတ်ပြင်ဆင်ရတာ အလွန် အဆင်ပြေပါတယ်။ အထူးသဖြင့် တစ်ယောက်တည်းမဟုတ်ပဲ အတူတူ ချက်ပြုတ်တတ်သူတွေ ဒါမှမဟုတ် အကူနဲ့ ချက်ပြုတ်တတ်သူတွေ အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။
Cons (အားနည်းချက်များ)
L shaped ဖြစ်တဲ့ အတွက် Corner ထောင့်နေရာဟာ ဖုန် အညစ်အကြေးများ ခိုအောင်းနေတတ်ပါတယ်။
3. Parallel Shaped (Gallery Kitchen)
Gallery Kitchen တွေကို Parallel Kitchen ဒါမှမဟုတ် Corridor Kitchen စသည့်ဖြင့်လည်း ခေါ်ကြပါတယ်။
Pros (အားသာချက်များ)
ကျဉ်းမြောင်းတဲ့နေရာတွေအတွက် အသုံးပြုရတာ အဆင်ပြေပြီးတော့ လုံလောက်တဲ့ Work Space ကိုရရှိနိုင်ပါတယ်။ ဒါ့အပြင် Parallel Shaped ဖြစ်တဲ့အတွက် အသုံးပြုရတာ Functional ဖြစ်လှပါတယ်။
Cons (အားနည်းချက်များ)
ကျဉ်မြောင်းတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်ပေါ်စေပြီး လုံလောက်တဲ့ Lighting အတွက် စဉ်းစားရခက်ခဲစေပါတယ်။ အထူးသဖြင့် Closed Design အိမ်တွေအတွက် Lighting အခက်အခဲရှိနိုင်ပါတယ်။ တစ်ယောက်ထက်ပိုအသုံးပြုမယ်ဆိုရင်လည်း အခက်အခဲ ဖြစ်နိုင်ပါတယ်။
4. U-shaped Kitchen
ကျယ်ဝန်တဲ့နေရာရှိတယ် နေရာအတော်အသင့်ရှိတဲ့ အိမ်တွေအတွက် U-shaped Layout ဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုပါ။ Work Triangle ဟာ ပတ်လည်ဖြစ်နေပြီး ချက်ပြုတ်ပြင်ဆင်ရတာ အထူးကို အဆင်ပြေလှပါတယ်။
Pros (အားသာချက်များ)
ကျယ်ဝန်းတဲ့ Counter နဲ့ ပြည့်စုံတဲ့ ချက်ပြုတ်ပြင်ဆင်ရတဲ့ Area က ထင်ရှားလှပါတယ်။ Cabinet တွေ ပိုမို ထားရှိနိုင်ပြီး ပြည့်စုံတဲ့ Storage ကိုရရှိစေပါတယ်။ Dining Area တစ်ခုတောင် ပြင်ဆင်ထားရှိနိုင်ပါသေးတယ်။
Cons (အားနည်းချက်များ)
ဒီ Layout ဟာ ကျဉ်းမြောင်းတဲ့ နေရာတွေအတွက် လုံးဝ အဆင်မပြေနိုင်ပါဘူး။ ဒါ့အပြင် တစ်ယောက်ထက် ပိုအသုံးပြုမယ်ဆိုရင် U-shaped Layout ဟာ တစ်ယောက်နဲ့တစ်ယောက် ရှောင်ရအဆင်မပြေတာ Traffic Jam ဖြစ်နိုင်ပါတယ်။
5. Island Kitchen
Peninsula Kitchen လိုလဲ လူသိများကြပါတယ်။ I-shaped, L-shaped, U-shaped Layout တွေကို Island Counter ထပ်ပေါင်းထည့်ထားတာမျိုးဖြစ်ပါတယ်။ Island Kitchen တွေရဲ့ အသုံးဝင်ပုံ Functionality တွေကြောင့် လူကြိုက်များပြားလှပါတယ်။
Pros (အားသာချက်များ)
Creative ဖြစ်ပြီး ချက်ပြုတ်ရာနေရာတစ်ခုထက် ပိုမိုစေပါတယ်။ Dining Area တစ်ခုအနေနဲ့လည်း အဆင်ပြေပြီး မိသားစု မိတ်ဆွေ အပေါင်းအသင်း စုဝေနိုင်တဲ့ နွေးထွေးတဲ့ Area တစ်ခု ဖြစ်ပါတယ်။
Cons (အားနည်းချက်များ)
Island Counter ထည့်သွင်းလိုက်တဲ့အတွက် Kitchen လျှောက်လမ်းကို ကျဉ်းမြောင်းသွားတတ်ပါတယ်။ ဒီအချက်ဟာ Work Triangle ကို အတားအဆီးဖြစ်စေတတ်ပြီး Island ကို သင့်တော်တဲ့ နေရာမှာ မထားတတ်လျှင် အသုံးပြုရ အဆင်မပြေဖြစ်တတ်ပါတယ်။
အားလုံး ပြီးပြည့်စုံတဲ့ Kitchen Layout Design ဆိုတာတော့ မရှိနိုင်ပါဘူး။ ဒါကြောင့် သင်အသုံးပြုချင်တဲ့ ပုံစံ အလေ့အကျင်နဲ့ တကယ်အသုံးပြုမယ့်နေရာပေါ်မူတည်ပြီး အလိုက်ဖက်ဆုံး ဖြစ်မယ့်အရာကို အလေးထားသင့်ပါတယ်။ လှပခမ်းနားတဲ့ Kitchen အတွက်လား Island Kitchen , F-shaped kitchen ဒါမှအဟုတ် U-shaped ဖြစ်မလား? Limited Space ဖြစ်နေလို့ I-shaped ဒါမှမဟုတ် L-shaped ဖြစ်မလား? ရွေးချယ်စဉ်းစားရခက်နေရင် INHOUSE မှာ Kitchen Consultation လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။ INHOUSE ဟာ Customer များရဲ့ စိတ်ကူးနဲ့ကိုက်ညီပြီးတော့ လိုက်ဖက်တဲ့ Lifestyle ကို ရရှိစေဖို့ အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်ရှင်။