နေ့စဉ်ချက်ပြုတ်မှုတွေကို Kitchen Counter Top ပေါ်မှာ ပြုလုပ်ပြီး ရေရှည်အသုံးပြုတာဖြစ်တဲ့အတွက် အဓိကအရေးပါတဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် Kitchen ရဲ့ Design ပေါ်မှာလည်း လွှမ်းမိုးမှုရှိလှပါတယ်။ Counter Top အတွက် အသုံးပြုတဲ့ Material များစွာရှိပြီး မှန်ကန်စွာရွေးချယ်ဖို့အရေးကြီးပါတယ်။ Counter Top Material တွေထဲမှ အသုံးများတဲ့ Solid Surface ၊ Quartz နဲ့ Marble တွေရဲ့ အားနည်းချက် အားသာချက်လေးတွေက ဘာတွေဖြစ်မလဲ။
Counter Top Material Pros & Cons
May 02, 2022

Solid Surface
Solid Surface တွေက သဘာဝကျောက်တွေလို ရေရှည်အသုံးခံနိုင်အောင်ပြုလုပ်ထားပြီး ချောမွေ့မာကျောတဲ့မျက်နှာပြင်ရှိပါတယ်။ နေ့စဥ် ချက်ပြုတ်ရာမှာ အလွယ်တကူအစင်း ရာထင်ခြင်းမှကာကွယ် ပေးနိုင်သလို မျက်နှာပြင်ထိခိုက်ခဲ့ရင်လည်း ကျွမ်းကျင်သူတွေနဲ့ ပြန်လည်ပြုပြင်နိုင်ပါတယ်။ အပူပေးပြီး လိုသလိုပုံသွင်းနိုင်တာကြောင့် Design ပုံဖော်ရာမှာထူးခြားလှပနေမှာပါ။LG Hi- Macs Brand Solid Surface တွေက Fire Resistant Certificate ရရှိထားတာကြောင့် မိသားစုလုံခြုံရေးတွက် စိတ်ချရပြီး မျက်နှာပြင်အပေါက်မပါရှိပဲ Bacteria နှင့် Virus များအလွယ်တကူမပေါက်ဖွားနိုင်တာကြောင့် Kitchen Area အပြင် ဆေးရုံနဲ့ ဓာတ်ခွဲခန်းနေရာတွေမှာ အသုံးပြုကျပါတယ်။ Solid Surface မှာ ရေစိမ့်မဝင်နိုင်တဲ့ မျက်နှာပြင်ကြောင့် စိုထိုင်းမှုများတဲ့ Kitchen Area နှင့် Bathroom များမှာလည်း အသုံးပြုကြပါတယ်။ ရွေးချယ်စရာ အရောင်များစွာရှိပြီး သဘာဝကျောက်ပြားတွေထက်လည်း ဈေးနှုန်းသက်သာပါတယ်။

ရေရှည်အတွက်အသုံးခံပြီး သဘာဝကျောက်ရဲ့အကျော Design တွေကြောင့်လှပကျော့ရှင်းပြီး အစွန်းအထင်းခံနိုင်ပါတယ်။ Modern Home တွေမှာ Quartz Counter Top တွေကို Cabinet တွေအပြင် Kitchen ရဲ့ Backsplash နေရာနဲ့ Floor တွေမှာပါ Customized အသုံးပြုတတ်ကြပါတယ် ။ Traditional Texture တွေအပြင် Solid Colored Counter Top တွေကို Modern Home Design တွေမှာအထူးသဖြင့်အသုံးပြုကျပါတယ်။ သဘာဝကျောက်တွေနဲ့ကွဲပြားတဲ့အချက်က မျက်နှာပြင်မှာ သေးငယ်တဲ့အပေါက်လေးတွေမပါဝင်တာကြောင့် အလွယ်တကူအစွန်းအထင်းမလွယ်ခြင်း ၊ အရောင်မလွင့်ခြင်း ၊ Bacteria များမခိုအောင်းနိုင်ခြင်းနှင့် ရေစိမ့်ဝင်ခြင်းတို့မှကာကွယ်ပေးပါတယ်။ Quartz Countertop တွေက ထူးခြားလှပပြီး ဈေးနှုန်းကတော့ မြင့်မားပါတယ်။ Out Door Area တွေမှာအသုံးမပြုသင့်ပဲ Indoor Area အတွက်အသာအသုံးပြုသင့်ပြီး Quartz Counter တွေကအခြား Counter Topထက်အလေးချိန်များတာကြောင့် အသုံးပြုမည့်နေရာရဲ့ Structure & Bearing Load ကိုတွက်ချက်ပြီးမှအသုံးပြုသင့်ပါတယ်။

ထူးခြားထင်ရှားပြီး Luxury ခံစားချက်ကိုပေးစွမ်းနိုင်တဲ့ Material ဖြစ်ပါတယ်။ Marble ကသဘာဝတိုင်းအအေးဓာတ်ရှိတာကြောင့် မုန့်ဖုတ်ရန် နှင့် ချက်ပြုတ်ရန် အထူးသင့်လျော်တဲ့မျက်နှာပြင်ဖြစ်ပါတယ်။ ဘယ်လိုပဲအပူခံပါစေ ချက်ပြုတ်ပြီးခါစ ပူနေတဲ့အိုးတွေကို အောက်ခံတစ်ခုခံပြီးမှသာ Counter Top မျက်နှာပြင်ပေါ်နေရာချသင့်ပါတယ်။ Marble Counter Top တွေက သင့်အိမ်ရဲ့ တန်ဖိုးမြင့်တက်အောင် ဖန်တီးပေးနိုင်ပါတယ်။ပုံမှန်ထိန်းသိမ်းမှုပြုလုပ်ရုံနဲ့ Marble Countertop တွေကိုရေရှည်အတွက်အသုံးပြုနိုင်ပါတယ်။ Marble တွေက အခြား Counter Top တွေထက်အစွန်းအထင်းလွယ်စေပြီး နှစ်စဥ် Counter Top ကို Sealing လုပ်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ မြင့်မားတဲ့စျေးနှုန်းကြောင့် Premium Kitchen Design တွေတွက်ပိုသင့်လျော်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။