မိသားစုတိုင်းအတွက် Kitchen ဆိုတာ အိမ်တစ်အိမ်ရဲ့ အရေးကြီးဆုံးအခန်းတစ်ခုပါ။ဒါကြောင့် Kitchen တစ်ခုကိုအကောင်အထည်ဖော်တော့မယ်ဆိုရင် အချိန်သေချာမယူပဲ၊ Plan သေချာမရှိပဲ လုပ်ခြင်းက စိတ်တိုင်းကျ Kitchen တစ်ခု ဖြစ်မလာတဲ့အပြင် အမှားများပြီး ကုန်ကျစရိတ်ပိုများစေနိုင်ပါတယ်..
စိတ်ကူးထဲက Kitchen ကိုအကောင်အထည်ဖော်ရာ မှာ ယခုဖော်ပြမယ့် အချက်အလက် တွေကို ထည့်သွင်းစဉ်းစားခြင်းဖြင့် Kitchen မှာ ဘာတွေအသုံးပြုမယ်ဆိုတာကို ရွေးချယ်ရလွယ်ကူပြီး မှန်ကန်တဲ့ Decision တွေချမှတ်နိုင်မှာပါ..
1. နေ့စဉ်အသုံးပြုရာမှာ ဘာတွေလိုအပ်မလဲဆိုတာထည့်သွင်းစဉ်းစားပါ။
Kitchen တစ်ခုကို ချက်ပြုတ်ဖို့တစ်ခုတည်းအတွက်သုံးမှာလား ဒါမဟုတ် မိသားစု မိတ်ဆွေတွေနဲ့အတူ Social Space လေးတစ်ခုဖန်တီးမှာလား ?
မိသားစုဝင် ဘယ်နှစ်ယောက် အသုံးပြုမှာလဲ?
Kitchen ပြုပြင်ထိန်းသိမ်းရေးစရိတ်မကုန်ပဲ ရေရှည်အသုံးပြုချင်တာလား?
နေ့စဥ်နေထိုင်မှုဘဝကဘယ်လိုလဲ? သင်က တစ်ယောက်ထဲချက်ပြုတ်စားသောက်တဲ့ သူလား? ဒါမဟုတ် မိသားစု နဲ့ အတူအိမ်မှာညစာစားတာကို သဘောကျနှစ်သက်တဲ့သူလာ:?
နေ့စဉ်ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့အတွက် Storage Space ဘယ်လောက်လိုတာလဲ?
လက်ရှိအသုံးပြုနေတဲ့ Kitchen မှာ ဘယ်အရာတွေကအဆင်ပြေပြီး ဘယ်အရာ တွေက အသုံးပြုရာမှာ အခက်ခဲဖြစ်စေလဲ?
အသစ်ပြုလုပ်မယ့် Kitchen မှာ ဘာတွေကို ပြောင်းလဲအသုံးပြုမှာလဲ ဒီအချက်ကို Plan လုပ်ရာထည့်သွင်းစဉ်းစားသင့်ပါတယ်။
2. Idea တစ်ချို့ကို ရှာဖွေပါ
Dream Kitchen တစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆို ရင် Kitchen Trends , Kitchen Idea , Kitchen Design များကို Internet မှ ရှာဖွေလို့ရသလို မိသားစု မိတ်ဆွေများနဲ့ တိုင်ပင်ခြင်းကလည်း Idea တစ်ချို့ရနိုင်ပါတယ်။
3. လက်ရှိအသုံးပြုနေတဲ့ Kitchen ကိုသုံးသပ်ပါ..
Kitchen မှာတပ်ဆင်ထားတဲ့ Appliances နေရာတွေက အဆင်ပြေလာ?
အသုံးပြုရတာအဆင်ပြေတဲ့အမြင့် မှာရှိတာလား ဒါမဟုတ် Size ကြီးနေတာလား?
သင့်အိမ်မှာ Dining Room ရှိမရှိပေါ်မူတည်ပြီး Island Counter (or) Breakfast Bar ထည့်ဖို့အတွက် စဉ်းစားသင့်ပါတယ်.
4. Kitchen အတွက် Budget ဘယ်လောက်သုံးမလဲ?
Dream Kitchen တစ်ခုကို အကောင်အထည်ဖော်တော့ မယ်ဆိုရင် ခန့်မှန်းထားတဲ့ Budget ပေါ်မူတည်ပြီး Kitchen Size, အသုံးပြု မယ့် Material, Appliances Quality တို့ကိုရွေးချယ်လို့ရပါတယ်..ပုံမှန် အားဖြင့် Kitchen တစ်ခုကို Home Decoration ရဲ့ 20% လောက်အသုံးပြုကြတယ်။
5. သင့်အိမ်အတွက်သင့်တော်မယ့် Kitchen Layout Design & Material ရွေးချယ်ခြင်း
အောက်မှာဖော်ပြထားတဲ့ အချက်လက်တွေကို Kitchen အကောင်အထည်မဖော်ခင် Plan ချထားခြင်းဖြင့် မှန်ကန်တဲ့ Decision ချမှတ်နိုင်မှာဖြစ်ပါတယ်...
Kitchen Development Basic Tip များကို သိခြင်းက Kitchen Specialist နဲ့ ဆွေနွေးတဲ့အခါ သင့်စိတ်ကူးတဲ့ Kitchen တစ်ခုကို အကောင်ထည်ဖို့အတွက် များစွာအထောက်ကူဖြစ်စေနိုင်မယ်လို့မျှော်လင့်ပါတယ်...