Table Material ကို သင့်စိတ်ကြိုက်ဖြစ်ဖို့ ဘယ်လိုရွေးချယ်မလဲ?
Material ရွေးချယ်မှုက အရေးကြီးလှပါတယ်။ အသုံးပြုမယ့် Budget၊ ထိန်းသိမ်းရလွယ်ကူခြင်း၊ ကြိုက်နှစ်သက်တဲ့ စတာတွေကို မှန်ကန်စွာရွေးချယ်ရမယ့်အပြင် သင့်အခန်းနဲ့ လိုက်ဖက်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မလို့ မဝယ်ယူခင်မှာ သေချာဆုံးဖြတ်သင့်ပါတယ်။ Dining Table တွေမှာ အသုံပြုများတဲ့ Material တွေကို လေ့လာရန်အတွက် ဖော်ပြထားပါတယ်။
Wood: သဘာဝသစ်သားတွေကိုအသုံးပြုခြင်းက classic ဆန်ပြီးပိုမိုရေရှည်ခံနိုင်တဲ့အပြင် ပြန်ပြင်အသုံးပြုဖို့လွယ်ပါတယ်။ထင်းရှုး၊ ပိတောက်၊ သရက် စတဲ့ သစ်သားတွေအသုံးပြုပြီး ဈေးသက်သက်သာနဲ့ဝယ်ယူနိုင်ပြီး ကျွန်းသားသုံးထားတဲ့ စားပွဲတွေက ဈေးနှုန်းများနိုင်ပြီး ရေရှည်အသုံးပြုဖို့တွက်ပိုကောင်းပါတယ်။ သဘာဝသစ်တွေက အပူအအေးကြောင့် ကျုံ့ခြင်းပွလာခြင်းမျိုး ဖြစ်ပေါ်တတ်ပါတယ်။
Veneer/Wood-look : Veneer Wood တွေက Solid Wood တွေထက်ဈေးနှုန်းပိုသက်သာပါတယ်။ Venner Wood ဆိုတာ Solid Wood တွေကို ပါလွှားစွာဖြတ်ထားပြီး MDF / Plywood ဒါမဟုတ် အခြားသော Materialတွေနှင့်ကပ်၍အသုံးပြုကျပါတယ်။ Venner Table Top တွေရွေးချယ်ရာမှာ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းမျိုးကိုသာရွေးချယ်ဖို့ အကြံပြုပါတယ်။
Stone and Stone-Look: Marble , Quartz တွေကို TableTop အဖြစ်အသုံးပြုကျပါတယ်။ Marble တွေက ထူးခြားလှပပြီး ရေရှည်အကြမ်းခံပါတယ်။ ဒါပေမယ့် မျက်နှာပြင်မှာ အပေါက်လေးတွေပါဝင်တာကြောင့် အစွန်းအထင်း အလွယ်တကူဖြစ်စေပါတယ်။ ထုတ်လုပ်တဲ့အရေသွေးပေါ်မူတည်ပြီး အကြမ်းခံပေမဲ့ အစင်းရာတွေနဲ့ အက်ကွဲကြောင်းတွေဖြစ်တဲ့အခါ ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ခက်ခဲနိုင်ပါတယ်။
Glass: Clear Glass, Frosted, Tinted Glass အမျိူးစားတွေကို Table Top တွက်အသုံးပြုကျပါတယ်။ Glass Table တွေက အခန်းကိုပိုကျယ်စေတဲ့ ခံစားချက်မျိုးရစေပါတယ်။ အစင်းရာများအလွယ်တကူဖြစ်စေပြီး အပူကြောင့်လည်း အက်ကွဲတက်ပါတယ်။ အသုံးပြုတဲ့အခါလက်ရာထင်နေတာမျိုး ဖြစ်စေပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ မှန်အမျိုးစားကိုအသုံးပြုထားတဲ့ စားပွဲတွေက ထိန်းထိန်းသိမ်းသိမ်း အသုံးပြုလျှင် ဆယ်နှစ်လောက်အသုံးခံနိုင်ပါတယ်။ ဒါပေမဲ့ မှန်စားပွဲ ဒေါင့်စွန်းတွေကျိုးတာ အစင်းရာတွေထင်နေတာမျိုးက စားပွဲ ကိုကြည့်ရဆိုးစေနိုင်ပါတယ်။Table Material ကို သင့်စိတ်ကြိုက်ဖြစ်ဖို့ ဘယ်လိုရွေးချယ်မလဲ?
Material ရွေးချယ်မှုက အရေးကြီးလှပါတယ်။ အသုံးပြုမယ့် Budget၊ ထိန်းသိမ်းရလွယ်ကူခြင်း၊ ကြိုက်နှစ်သက်တဲ့ စတာတွေကို မှန်ကန်စွာရွေးချယ်ရမယ့်အပြင် သင့်အခန်းနဲ့ လိုက်ဖက်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မလို့ မဝယ်ယူခင်မှာ သေချာဆုံးဖြတ်သင့်ပါတယ်။ Dining Table တွေမှာ အသုံပြုများတဲ့ Material တွေကို လေ့လာရန်အတွက် ဖော်ပြထားပါတယ်။
Wood: သဘာဝသစ်သားတွေကိုအသုံးပြုခြင်းက classic ဆန်ပြီးပိုမိုရေရှည်ခံနိုင်တဲ့အပြင် ပြန်ပြင်အသုံးပြုဖို့လွယ်ပါတယ်။ထင်းရှုး၊ ပိတောက်၊ သရက် စတဲ့ သစ်သားတွေအသုံးပြုပြီး ဈေးသက်သက်သာနဲ့ဝယ်ယူနိုင်ပြီး ကျွန်းသားသုံးထားတဲ့ စားပွဲတွေက ဈေးနှုန်းများနိုင်ပြီး ရေရှည်အသုံးပြုဖို့တွက်ပိုကောင်းပါတယ်။ သဘာဝသစ်တွေက အပူအအေးကြောင့် ကျုံ့ခြင်းပွလာခြင်းမျိုး ဖြစ်ပေါ်တတ်ပါတယ်။
Veneer/Wood-look : Veneer Wood တွေက Solid Wood တွေထက်ဈေးနှုန်းပိုသက်သာပါတယ်။ Venner Wood ဆိုတာ Solid Wood တွေကို ပါလွှားစွာဖြတ်ထားပြီး MDF / Plywood ဒါမဟုတ် အခြားသော Materialတွေနှင့်ကပ်၍အသုံးပြုကျပါတယ်။ Venner Table Top တွေရွေးချယ်ရာမှာ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းမျိုးကိုသာရွေးချယ်ဖို့ အကြံပြုပါတယ်။
Stone and Stone-Look: Marble , Quartz တွေကို TableTop အဖြစ်အသုံးပြုကျပါတယ်။ Marble တွေက ထူးခြားလှပပြီး ရေရှည်အကြမ်းခံပါတယ်။ ဒါပေမယ့် မျက်နှာပြင်မှာ အပေါက်လေးတွေပါဝင်တာကြောင့် အစွန်းအထင်း အလွယ်တကူဖြစ်စေပါတယ်။ ထုတ်လုပ်တဲ့အရေသွေးပေါ်မူတည်ပြီး အကြမ်းခံပေမဲ့ အစင်းရာတွေနဲ့ အက်ကွဲကြောင်းတွေဖြစ်တဲ့အခါ ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ခက်ခဲနိုင်ပါတယ်။
Glass: Clear Glass, Frosted, Tinted Glass အမျိူးစားတွေကို Table Top တွက်အသုံးပြုကျပါတယ်။ Glass Table တွေက အခန်းကိုပိုကျယ်စေတဲ့ ခံစားချက်မျိုးရစေပါတယ်။ အစင်းရာများအလွယ်တကူဖြစ်စေပြီး အပူကြောင့်လည်း အက်ကွဲတက်ပါတယ်။ အသုံးပြုတဲ့အခါလက်ရာထင်နေတာမျိုး ဖြစ်စေပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ မှန်အမျိုးစားကိုအသုံးပြုထားတဲ့ စားပွဲတွေက ထိန်းထိန်းသိမ်းသိမ်း အသုံးပြုလျှင် ဆယ်နှစ်လောက်အသုံးခံနိုင်ပါတယ်။ ဒါပေမဲ့ မှန်စားပွဲ ဒေါင့်စွန်းတွေကျိုးတာ အစင်းရာတွေထင်နေတာမျိုးက စားပွဲ ကိုကြည့်ရဆိုးစေနိုင်ပါတယ်။