အိမ်တွင်းအပြင်အဆင်အတွက် Build In Furniture တွေကို ထည့်သွင်းရာမှာ Entrance Cabinet တွေက အရေးကြီးလှပါတယ်။ အိမ်အဝင်ဝမှာ ရှုပ်ပွနေတာမျိုး မဖြစ်စေဖို့ နေ့စဉ်အိမ်အဝင်အထွက် လက်တွေ့အသုံးပြုရာမှာ အသုံးဝင်စေဖို့ ကူညီပေးပါတယ်။ ဒီနေ့မှာတော့ Entrance Cabinet လေးတွေနဲ့ပက်သက်ပြီး Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။
အိမ်တွင်း Build In Furniture တွေကို Inhouse နဲ့အတူ စနစ်တကျလေ့လာဆွေးနွေးပြီး စိတ်တိုင်ကျ Customize ပြုလုပ်နိုင်ပါတယ်။
1. Cabinets over Cabinets
Entrance Cabinet တွေကို စဉ်းစားတဲ့နေရာမှာ ကိုယ်ရဲ့ နေ့စဉ်အသုံးပြုပုံ Lifestyle ကို အဓိကထည့်သွင်းစဉ်းစားဖို့အရေးကြီးပါတယ်။ ကိုယ့်မှာ သိမ်းဆည်းရမယ့် ဖိနပ်အများအပြားရှိနေတာမျိုးအတွက်ဆိုရင် Cabinet တွေအများအပြားထားရှိခြင်းက Storage နေရာတွေကို ဖန်တီးပေးပါတယ်။ အပြင်သွားလာတဲ့အခါ အသုံးပြုတတ်တဲ့ အိတ်တွေ အခြားပစ္စည်းတွေကိုထားသိုဖို့အတွက်လည်း Cabinet များများထည့်သွင်းထားခြင်းက အဆင်ပြေစေပါတယ်။ ဒါ့အပြင် ကြည့်မှန်ထည့်သွင်းအသုံးပြုခြင်းကလည်း အပြင်မထွက်ခင်မှာ ကိုယ့်ရဲ့ Outfits ကိုယ်ရဲ့ပုံစံကို ပြန်လည်ဆန်းစစ်ဖို့ အသုံးဝင်လှပါတယ်။
2. Luxury Glass Display
Luxury Design နဲ့ Glass Doored Cabinet တွေကလည်း အမြင်ဆန်းပြီးထူးခြားလှပစေပါတယ်။ မှန်အတွင်းမှ Highlight မီး ထည့်သွင်းထားခြင်းမျိုးက Luxury ဆန်တဲ့ ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်။ Entrance Area မှာတင် ကိုယ်ရဲ့ အိမ်အပြင်အဆင်ဟာ မြင်ရသူအားလုံးကို နှစ်သက်သဘောကျစေမှာဖြစ်ပါတယ်။
3. Open Shelves
Entrance Cabinet တွေမှာ တံခါးထည့်သွင်းထားခြင်းမျိုးမရှိပဲ Open Cabinet Design တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ပစ္စည်းများကို အလွယ်တကူ ထားနိုင်ယူနိုင်ပြီး တံခါးထည့်သွင်းထားခြင်းမရှိတဲ့အတွက် ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်ကျစရိတ်ကိုလည်း များစွာသက်သာစေမှာဖြစ်ပါတယ်။
4. Adding Stool
Shoe တွေ ဖိနပ်တွေကို သက်သောင့်သက်သာထိုင်စီးနိုင်ဖို့အတွက် Stool ခုံတွေကို ထည့်သွင်းခြင်းကလည်း လက်တွေ့အသုံးဝင်လှပါတယ်။
5. Adding Storage for Baby
ကလေးရှိတဲ့ မိသားစုအတွက် ကလေးနဲ့ အပြင်သွားရာမှာ အသုံးပြုတဲ့ တွန်းလှည်း အခြားဆက်စပ်ပစ္စည်းတွေထားရှိဖို့ နေ့ရာက အခက်အခဲဖြစ်လှပါတယ်။ ဒါတွေကို Entrance Cabinet မှာ နေရာသီးသန့်တစ်ခုဖြင့် ထားရှိပေးထားခြင်းကလည်း စနစ်ကျပြီး လွယ်ကူစေပါတယ်။
Entrance Cabinet Idea အချို့ကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ Entrance Cabinet နဲ့ ပက်သက်ပြီး စနစ်တကျနဲ့ အသုံးပြုရအဆင်ပြေဖို့အတွက်ဆိုရင် Inhouse နဲ့အတူ ဆွေးနွေးတိုင်ပင်ပြီး စတင်နိုင်ပါပြီနော်။