Things to consider when you are buying a wardrobe
inhouse logo
E-Catalogue

Things to consider when you are buying a wardrobe

Admin August 28, 2020

အခုနောက်ပိုင်းခေတ်ကာလမှာ လူအများစုက အခန်းတွင်းအပြင်အဆင်ကို Unique ဖြစ်တဲ့ ခန်းဖွဲ့မှုမျိုးတွေ ပြင်ဆင်လာကြပါတယ်။

အိမ်တွင်း ပရိဘောဂတွေကို ရွေးချယ်တဲ့အခါမှာ အိမ်ခန်းပုံစံ၊ မိသားစုဝင်အရေအတွက်ပေါ် မူတည်ပြီး Wardrobe များကို ရွေးချယ်လေ့ရှိကြပါတယ်။

Article

မိမိတို့ နေထိုင်မှုပုံစံအရ မိသားစုဝင်အရေအတွက် များပြားလို့ဖြစ်စေ၊ အိမ်ခန်းဧရိယာ ကန့်သတ်မှုရှိလို့ဖြစ်စေ ဒီလိုအနေအထားမျိုးဆိုရင်တော့ Wardrobe အတွက် နေရာကို သေချာလေးရွေးချယ်ရမှာပါ။

အဝတ်ဗီရို၊ Wardrobe နဲ့ တခြား ပရိဘောဂပစ္စည်းတွေအတွက် ရိုးရှင်းပြီး Space သိပ်မပေးရတဲ့ Product မျိုးကို ရွေးချယ်သင့်ပါတယ်။
Wardrobe ကို ဝယ်ယူတော့မယ်ဆိုရင်လည်း မိမိအတွက် လိုအပ်တဲ့ ဗီရိုအမျိုးအစားကို သေချာစဉ်းစားပြီး ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။

Article

ဝယ်ယူတဲ့အခါမှာလည်း Exhibition Hall တွေမှာ ထားရှိထားတဲ့ Size ၊ Color တွေနဲ့ မိမိတို့ အိမ်အခန်းရဲ့ အရောင်အသွေးဟာ ထပ်တူညီဖို့ ခက်ခဲမှာပါ။ အကောင်းဆုံးရွေးချယ်မှုက တေ့ာ display wardrobe တွေထက် Customized ပြုလုပ်ခြင်းက အရွယ်အစား၊ ဒီဇိုင်း၊ အရောင်တွေကို ပိုမိုရွေးချယ်နိုင်ပါတယ်။

မိမိဝယ်ယူလိုတဲ့ Style ကို ရွေးချယ်ပြီးပြီဆိုရင်တော့ သင့်တင့်တဲ့ စျေးနှုန်းကို ကြည့်ဖို့လည်း လိုအပ်ပါသေးတယ်နော်။ ဒီအတွက် Budget ကို Limited ထားထားပြီဆိုရင်တော့ မိမိအခန်းအပြင်အဆင်နဲ့လည်း လိုက်ဖက်ပြီး အမှန်တကယ်လိုအပ်တဲ့ Furniture Material တွေကို ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Article

မိမိစိတ်ကြိုက်ဝယ်ယူပြင်ဆင်ထားတဲ့ အဝတ်ဗီရို ၊ Cabinet တွေကို သန့်ရှင်းရေးပြုလုပ်တဲ့အခါမှာလည်း Vacuum Cleaner ဒါမှမဟုတ် Brush အသေးလေးတွေနဲ့သာ ပြုလုပ်သင့်ပါတယ်။ ဒါမှသာ အဝတ်အစားတွေ မှိုမတက်ပဲ အမြဲသစ်လွင်နေမှာဖြစ်ပါတယ်။

Article

Share this page