အမေများက ကျွန်ုပ်တို့အတွက်ဘာကြောင့် အရေးကြီးတာလဲ?
၁) သင့်အနေနဲ့ ရိုးရိုးလေးစဉ်းစားကြည့်နိုင်ပါတယ်။
သင့်ရဲ့ အမေကသာ သင့်ကိုမမွေးပေးခဲ့ဘူးဆိုရင် သင်အခုအချိန် အသက်ရှင်နေထိုင်နိုင်မှာမဟုတ်ပါဘူး။
အဲ့ဒါလေးတစ်ခုနဲ့တင် သင့်ရဲ့ အမေကို ကျေးဇူးတင်ဖို့လုံလောက်နေပါပြီ။
၂) အမေများသည် မိသားစုတစ်ခုလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျောထောက်နောက်ခံလဲ ဖြစ်ပါတယ်။
သူတို့က မိသားစုဝင်တိုင်းရဲ့ ခံစားခံများကို ထိန်းသိမ်းပေးပြီး မိသားစုဝင်များအတွက် စိတ်ထိခိုက်ခံစားရစေမယ့် အရာများမှ ကာကွယ်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားကြပါတယ်။
၃) တကယ်တော့ အမေများက အလုပ်ကြိုးစားပြီး သူတို့ရဲ့ ဘဝကို အနစ်နာခံစွန့်လွှတ်ခဲ့တာကြောင့် ကျွန်ုပ်တို့ရဲ့ ဘဝများက ပိုမိုကောင်းမွန်လာခဲ့တာပဲဖြစ်ပါတယ်။
ဒါက လူတိုင်းလုပ်နိုင်တဲ့ (လုပ်ချင်တဲ့ အရာ) မဟုတ်ပါဘူး။
အဲ့ဒါကြောင့် သင်တို့က အမေကို နားလည် တန်ဖိုးထားတယ်သင့်ပါတယ်။
၄) အမေများက သားသမီးများအပေါ် ခွင့်လွှတ်နားလည်ပေး တတ်ကြပါတယ်။
ဒါကြောင့် အမေများကို လဲပြန်လည် ခွင့်လွှတ်မှုပေးသင့်ပါတယ်။
အပြန်အလည် ခွင့်လွှတ်မှု ပေးခြင်းက လည်း အကြီးမားဆုံး လက်ဆောင်လဲဖြစ်ပါတယ်။
သင့်စိတ်ထဲက မကျေနပ်ချက်များကို အကုန်လွှတ်ချပေးလိုက်ပါ။
၅) သင်က အမြင့်ဆုံးတောင်ပေါ်ကို တတ်မယ်ဆိုရင်တောင် သင့်အတွက် နေ့လည်စာပြင်ပြီး ထည့်ပေးလိုက်မယ့် တစ်ဦးတည်းသော သူက အမေပဲဖြစ်ပါတယ်။
အမေက သင့်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နေချိန်မှာ အားပေးနေမယ့် တစ်ဦးတည်းသော သူ လဲဖြစ်ပါတယ်။
အဲ့ဒါကြောင့် အမေများက ကျွန်ုပ်တို့ ဘဝမှာ အရေးပါသော သူတစ်ယောက်လည်းဖြစ်ပါတယ်။
အမေနဲ့အတူ ပျော်ရွှင်ကောင်းမွန်တဲ့ အချိန်များကို ဖန်တီးနိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။