Tips for building functional wardrobe
inhouse logo
E-Catalogue

Tips for building functional wardrobe

Admin July 09, 2021
Article
သူနဲ့သူမအတွက် အိပ်ခန်းအဝတ်ဘီရိုကို စနစ်တကျဖြစ်စေဖို့ ဘယ်လို ပြုလုပ်ကြမလဲ။
ကိုယ်နဲ့ ကိုယ်ရဲ့တစ်ယောက်သောသူအတွက် Wardrobe တစ်ခုကို အတူတူ စနစ်တကျ အသုံပြုနေလား??
Couple တွေ အတွက် Wardrobe ကို ဘယ်လို Organize လုပ်ကြမယ်ဆိုတဲ့ ဒီအချက်လေးတွေက တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့ အသုံပြုပုံကို ကိုက်ညီနေဖို့ အတွက် Wardrobe Body Function တွေကို ဘယ်လိုအသုံးပြုမလဲဆိုတာ ပြောပြပေးသွားပါမယ်ရှင်။
သူမအတွက်
Long Dress တွေအတွက် နေရာပိုပေးပါ။ တန်းမှာ အပြည့်ချိတ်ထားပါ။ ပိုးချည် Silk ဒါမှမဟုတ် ချောမွတ်တဲ့ အဝတ်တွေအတွက် မချောတဲ့ ချိတ်(ဥပမာ Velvetry Hanger) တွေကို အသုံးခြင်းဖြင့် လျှောကျ တွန့်ကျေခြင်းကို မဖြစ်စေပါဘူး။ နေကာမျက်မှန်၊ Jewellery၊ နာရီ၊ ခါးပတ် စတာတွေကို Accessories Divider နဲ့ သိမ်ဆည်းခြင်းဖြင့် မြင်လွယ်ပြီးတော့ ဘေးနား အဝတ်ကြား စတဲ့ ပျောက်လို့လိုက်ရှာနေရတွေတာကို မဖြစ်စေတော့ပါဘူး။ Handbag စတဲ့အိတ်တွေကို လွတ်နေတဲ့ Storage Area တွေမှာ ထားနိုင်ပါတယ်။
Tip : Wardrobe Drawer တွေကို ဝတ်စားမှုပုံစံ အဆင့်အတိုင်း အစဉ်လိုက်ထားရှိပါ။
သူအတွက်
ပေါ့ပေါ့ပါးပါးဝတ်လေ့များတဲ့ T Shirt ဒါမှမဟုတ် Sweatshirt Sweater စတာတွေကို ခေါက်ပြီး Shelves အကန့်များနဲ့ ထားရှိပါ။ Pant, Trouser စတဲ့ ဘောင်းဘီတွေကို Wardrobe Body ရဲ့ အောက်ပိုင်းမှာ Pant Hanging များနှင့် ချိတ်ဆွဲထားခြင်းဖြင့် အလွယ်တကူ ယူလို့ရပြီး အပေါ်ပိုင်းမှာ ချိတ်ဆွဲထားတဲ့ Shirt, Coat စတဲ့ အဝတ်အစားတွေနဲ့ Color လိုက်ဖက်မှုကိုလဲ အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။ Watch, Belt, Tie စတဲ့ Accessories တွေကို Accessory Drawer များနဲ့ ထားတာဟာ စနစ်ကျစေပါတယ်။
Couple တွေ အတွက် Wardrobe ကို အတူတူ တစ်ဆက်တည်း ပြုလုပ်နိုင်သလို Separated လည်း ပြုလုပ်နိုင်ပါတယ်။
ကိုယ်နဲ့ ကိုယ့်ရဲ့ တစ်ယောက်သောသူအတွက် Wardrobe တစ်ခုကို အကောင်းဆုံးနဲ့ နှစ်ဦး စိတ်တိုင်းကျဖြစ်စေဖို့အတွက် INHOUSE မှာ လာရောက် လေ့လာဆွေးနွေးနိုင်ပါပြီရှင်။

Share this page