Top (8) Family Fitness Lifestyle Habbits
inhouse logo
E-Catalogue

Top (8) Family Fitness Lifestyle Habbits

Admin August 29, 2020

မိသားစုတစ်စု အတွင်းမှာ fitness lifestyle ရှိဖို့က မိသားစုဝင်တိုင်းက လိုက်လုပ်သင့်ပါတယ်။

ကလေးများအနေနဲ့ fitness lifestyle အလေ့ကျင့်များကို သူတို့ရဲ့ မိဘတွေမိသားစုဝင်တွေနဲ့ အတူလုပ် ရမယ်ဆိုရင်တော့ အလွယ်တကူ လက်ခံကြပါတယ်။ ဒီအချက်တွေက တော့ အဝလွန်လို့ weight ချချင်တဲ့ မိသားစုများ ဒါမှမဟုတ် ကျန်းမာရေးအလေ့အထများကို family အတွင်းမှာ စတင်ချင်တဲ့ သူတွေအတွက် ပိုမိုသင့်တော်ပါတယ်။
(1) Spend an Hour a Day Moving
 နေ့စဉ် ကလေးများကို ကိုယ်အလေးချိန်ကျခြင်း နှင့် ကျန်းမာရေးထိန်းသိမ်းရန် အတွက် အနည်း ဆုံး မိနစ် (၆၀) ခန့် လေ့ကျင့်ခန်းလုပ်ရန် ကူညီပေးသင့်ပါတယ်။ ဥပမာအားဖြင့် ကျောင်းသို့ ၁၅ မိနစ် လမ်းလျှောက်ခိုင်းခြင်း၊ ၂၅ မိနစ် ဘောလုံးကစားခိုင်းခြင်း မျိုးပဲဖြစ်ပါတယ်။

Article

(2) Stock up Fruits and Vegetables

 တစ်နေ့ကို လတ်လတ်ဆက်ဆက် အစားအစာ ၅ ခုနှင့်အထက် စားဖြစ်ရန် တိုက်တွန်းပါ။ အဲ့ဒါက သင့်ကလေးအတွက် လိုအပ်တဲ့ antioxidant နဲ့ vitamin ကို ဖြည့်ဆည်းပေးပြီး အာဟာရ ချို့တဲ့မှုမှ ကာကွယ်ပေးပါတယ်။ “ Rainbow Challenge” ကဲ့သို့ တစ်နေ့ကို fruit color ဘယ်နမျိုးစားပြီးပြီး လဲ စသည်ဖြင့် Challenge မျိုးလုပ်ကြည့်ပါ။
(3) Be a Role Model to Inspired Kids
 မိဘများအနေဖြင့် ကျန်းမာရေးလေ့ကျင့်ခန်းများလုပ်ခြင်း ၊ အာဟာရရှိသော အစားအစာများကိုစားခြင်း စသည်ဖြင့် ရှေ့ဆောင်လမ်းပြအနေဖြင့် လုပ်ပြပါ။ သင်သည် တစ်ညတည်းဖြင့် မာရသွန်ပြေးပြဖို့မလိုအပ်ပါဘူး။ ဥပမာအားဖြင့် ညစာစားပြီးလမ်းလျှောက်ခြင်း၊ နံနက်စောစောတွင် ယောဂလေ့ကျင့်ခန်းများလုပ်ပြပြီး အတုယူစေနိုင်ပါတယ်။ သင့်ရဲ့ ကားအသုံးပြုတဲ့အချိန်ကို လျှော့ချပြီး စက်ဘီးစီးပြီး ဒါမှမဟုတ် လမ်းလျှောက်ပြီး သင့်ကိုယ်သင် စိန်ခေါ်ကြည့်ပါ။

Article

(4) Drink Lots of Water

 Low fat milk နှင့် juice တို့ကိုသောက်နိုင်ပါတယ်။ သို့သော် ၎င်းတို့မှာ ကယ်လိုရီပါဝင် တာကြောင့် တစ်နေ့ကို ၄ အောင်စမှ ၈ အောင်စအထိသာ ကန့်သတ်သောက်ပေးပါ။ သင့်မိသားစုဝင် များကို သောက်စရာအဖြစ် ရေကိုသာ အဓိကသောက်ဖြစ်အောင် တိုင်းတွန်းပါ။
(5) Limit Screen Time
 TV, Computer, Game, Tablet များကို တစ်နေ့လျှင် ၂ နာရီသာ အသုံးပြုပါစေ။ ပိုတဲ့အချိန်တွေအတွက် physical activity များကိုသာ အစားထိုးပြုလုပ်နိုင်အောင် လေ့ကျင့်ပေးသင့် ပါတယ်။

Article

(6) Eat Healthy Breakfast Everyday

 နံနက်စာစားခြင်းသည် သင့်ကလေးအတွက် တစ်နေကုန် အားအင်အပြည့်ဖြင့် ဖြတ်သန်းနိုင်ရန် ကူညီပေးခြင်းပဲဖြစ်ပါတယ်။ အစေ့များ၊ သစ်သီးကဲ့သို့ protein ဓါတ်ကြွယ်ဝသော နံနက်စာကို ပြင်ဆင်ပေးပါ။ နံနက်စာမစားပဲနေခြင်းက ကလေးအတွက်သာမက လူကြီးများအတွက်ပါ ကျန်းမာရေးရှုထောင့်အနဖြင့် မကောင်းတဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။

Article

(7) Get a Good Night’s Sleep

 လုံလောက်သော အိပ်စက်အနားယူခြင်းက လူတိုင်းအတွက် ကိုယ်အလေးချိန်တိုးလာခြင်းမှ လျှော့ချပေးပါတယ်။ ထို့အပြင်နေ့စဉ် ကျန်းမာရေးလေ့ကျင့်ခန်းများ လုပ်ပေးခြင်းက လည်း သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေရန် ကူညီပေးပါတယ်။ ထို့ကြောင့် သင့်ရဲ့ မိသားစုဝင်တိုင်းကို အိပ်ရေးဝဝ အိပ်စေပါ။
(8) Be Your Child’s Cheerleader
 အထူးသဖြင့် အပျိုဖော်/ လူပျိုဖော် ဝင်စတွင် တတ်ကြွစွာ လှုပ်ရှားနိုင်ရန်အတွက် မိဘများရဲ့ အားပေးထောက်ခံမှုအများကြီး လိုအပ်ပါတယ်။ ကလေးများရဲ့ ရလာဒ်များ အားထုတ်မှုများအတွက် ချီးမွမ်းပေးပါ။

Article

Share this page