5 Reasons Your Family Should Cook Together
inhouse logo
E-Catalogue

5 Reasons Your Family Should Cook Together

Admin May 28, 2021

တစ်နေ့တာ အလုပ်တာဝန်တွေအပြီးမှာ မိသားစုနှင့်အတူ ချက်ပြုတ်စားသောက်ခြင်းဟာ ကောင်းမွန်စွာ အချိန်ကုန်ခြင်း ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ တစ်နေ့တာ အားလပ်ချိန်နည်းခြင်း၊ အချိန်ဇယားများနဲ့ပြည့်နှပ်နေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများကြောင့် လူကြီးများသာမက ကလေးများပါ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်လာကြပါတယ်။ ဒါ့ကြောင့် တစ်နေ့တာ လုပ်ငန်းတာဝန်တွေပြီးဆုံးချိန်မှာ ချက်ပြုတ်စားသောက်ခြင်းဟာ မိသားစုကို ပျော်ရွှင်စေပြီး ပိုမိုရင်းနှီးနွေးထွေးစေပါတယ်။ အတူတူ ချက်ပြုတ်စားသောက်သင့်တဲ့ အကြောင်းအရင်း (၅)ချက်ကို ဖော်ပြပေးပါမယ်ရှင်။

၁။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်း အလေ့အကျင့်ကို အားကောင်းစေပါတယ်။
၂။ မိသားစုအတူ ပိုမိုစကားပြောဖြစ်ပြီး နွေးထွေးမှု မေတ္တာကို ပိုမိုခံစားရပါတယ်။

Article

၄။ Educate ဖြစ်စေပါတယ်။ သားသားမီးမီးတွေကို ချက်ပြုတ်နည်း အစပ်အဟပ် တိုင်းတာပုံတွေ ချက်ပြုတ်မှု အဆင့်တွေဟာ သားသားမီးမီးတို့အတွက် ပျော်ဖို့ကောင်းပြီး သင်ယူစေပါတယ်၊ ဉာဏ်ရည်ကို မြင့်တင်ပေးပါတယ်။
၅။ နားလည်တတ်ကျွမ်းမှုနှင့် ယုံကြည်မှု။ ချက်ပြုတ်ခြင်း အဆင့်ဆင့်ကို လိုက်နာဖို့ အန္တာရာယ်ကင်စွာအလုပ်လုပ်တတ်ဖို့ကို သင်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် သားသားမီးမီးတို့အတွက် ကို့ကိုယ်ကို ယုံကြည်မှုကိုလည်း အားကောင်းစေပါတယ်ရှင်။

Share this page